Search

အကယ်ဒမီ ၃ ဆုရှင်မင်သမီး မိမိခိုင် – ထွန်းအိန္ဒြာဗို ကို ဦးကျော်ဟိန်း ဘာပြောလိုက်လို့လဲ…

ကျော်ဟိန်း ရဲ့ စကားတခွန်းကြောင့် ထွန်းအိန္ဒြာဗို ဆိုပြီးဖြစ်လာတဲ့ အကယ်ဒမီ ၃ ဆုရှင်မင်သမီး မိမိခိုင်

အကယ်ဒမီ သုံးဆုရှင် ထွန်းအိန္ဒြာဗို ဆိုတာ? ၁၉၉၀ နှောင်းပိုင်း များမှစတင်၍ ယနေ့အချိန်အထိ ထွန်းအိန္ဒြာဗို မှာ မြန်မာ့ ရုပ်ရှင် ၌သာမက တေးဂီတလောက၌ပါ အအောင်မြင်ဆုံး အမျိုးသမီး အနုပညာရှင် များထဲတွင်တစ်ဦးအပါအဝင် ဖြစ်နေဆဲဖြစ်သည်။ ၁၉၆၆ခုနှစ် မေလ ၁ ရက်တွင် ဖခင် ဦးခင်မောင်သိန်းနှင့် မိခင်ဒေါ်ခင်မြမြတို့မှ မိုးကုတ်မြို့တွင်မွေးဖွားခဲ့သည်။ ငယ်နာ မည်မှာ မိမိခိုင်ဖြစ်ပြီး အကိုတစ်ဦး၊ ညီမတစ်ဦးရှိသည်။ သူမ၏မိသားစုမှာ ကျောက်မျက်ရတနာလုပ်ငန်းကို လုပ် ကိုင်သော်လည်း ထွန်းအိန္ဒြာဗို မှာ ငယ်စဉ်ကတည်းက အနုပညာ ၌သာ ဝါသနာ ပါခဲ့သည်။ ရှေ့နေ့ဘာသာ (Law) ဖြင့် ဘွဲ့ရရှိဖြင့် Law Major ၏ Queen ဖြစ်ခဲ့ဖူးသည်။

သင်မသိသေးသော ထွန်းအိန္ဒြာဗို အကြောင်း

အသက်လေးနှစ်အရွယ်မှစ၍ မြန်မာသီချင်း များစတင်သီဆို တတ်လာပြီး အသက် ၁၁ နှစ်အရွယ်တွင် stage များ၌စတင်သီဆိုဖျော်ဖြေခဲ့သည်။ ၁၉၈၀ ခုနှစ်ကာလများတွင် နာမည်ကျော် အဆိုတော် ဇော်ဝင်ရှိန် ၏ ရှိုးပွဲ များ၌ ကော်နီ၊ ခင်မြတ်မွန်တို့နှင့်အတူ နောက်ခံဟာမိုနီအဖြစ်သီဆိုရင်း တေးဂီတလောကသို့စတင်ဝင်ရောက်လာခဲ့သည်။ အဆိုတော် တစ်ဦးအဖြစ်အောင်မြင်မှုရရှိရန်ခက်ခဲနေစဉ်အတွင်း ထွန်းအိန္ဒြာဗိုမှာ မိတ်ဆွေ သူငယ်ချင်း များ၏ တိုက်တွန်းမှုအရ ရုပ်ရှင် ဘက်သို့စတင်ကူး ပြောင်းရန်ပြင်ဆင်ခဲ့သည်။ သရုပ်ဆောင်တစ်ဦးအဖြစ်၁၉၉၁ ခုနှစ်တွင် စူပါမင်းသား ရန်အောင်နှင့် တွဲဖက်၍ ‘ကြေးစားနှလုံးသား’ ဗီဒီယို ဇာတ်ကား တွင် စတင် သရုပ်ဆောင် ခဲ့သည်။

ဆက်လက်၍ ကိုကိုနဲ့ပဲနေချင်တယ် (၁၉၉၂) ၊ ရင်လှိုင်းခတ်သံ (၁၉၉၂) ၊ အမုန်းလိပ်ပြာ (၁၉၉၃) မိုးယံသို့လွင့်ပျံသော (၁၉၉၃)၊ အရာရာမင်းပါမေ(၁၉၉၄) စသည့် ဗီဒီယိုဇာတ်ကားများဖြင့် လူသိများလာခဲ့သည်။ မင်းသမီး တစ်ယောက်အဖြစ် အထိုက်အလျောက်အောင် မြင်မှုရပြီးသည့်အချိန်ကျမှ တေးဂီတလောက၌ နေရာတခုရရှိအောင်ပြန်လည်ကြိုးစားသည့်အနေဖြင့် ၁၉၉၃ခုနှစ် တွင် ‘မင်းအတွက်ပဲ’ တစ်ကိုယ်တော် အယ်ဘမ် ကိုပထမဆုံးအကြိမ်ထုတ်ဝေခဲ့သည်။ မင်းအတွက်ပဲ စီးရီးသည်အထူးအောင်မြင်မှုရရှိခဲ့ပြီး မြန်မာခေတ်ပေါ်တေးဂီတလောကတွင် ‘ထွန်းအိန္ဒြာဗို’ ဟူ၍ နာမည်တ စ်လုံးကိုခိုင်ခိုင်မာ မာထူထောင်ပေးခဲ့သည်။

ထွန်းအိန္ဒြာဗို ၏ သရုပ်ဆော င်ပိုင်းအစောပိုင်းကာလတွင် စူပါစတား မင်းသမီး မို့မို့မြင့်အောင်နှင့် ခပ်ဆင်ဆင်တူသည့် မင်းသမီး ဟု ပရိသတ် များကသတ်မှတ်ခဲ့ကြသည်။ သူမကိုယ်တိုင်လည်း မင်းသမီး မဖြစ်ခင်ကပင် မို့မို့မြင့်အောင် ၏ ပရိသတ် ဖြစ်ခဲ့သောကြောင့် မို့မို့မြင့်အောင် နှင့်ဆင်တူသည်ဟု အပြောခံရသည်ကို ဂုဏ်ယူနေခဲ့သည်။ ထွန်းအိန္ဒြာဗို ၏ အစောပိုင်းကာလဇာတ်ကားအများစုတွင် မို့မို့မြင့်အောင် ၏အိုက်တင်အတိုင်းတု ပသရုပ်ဆောင်သည်ကိုတွေ့နိုင်သည်။ သို့သော် ကျော်ဟိန်းက ‘သူများ၏အမူအရာကို တုပရင်ထိပ်ဆုံးကိုဘယ် တော့မှမရောက်နိုင်ဘူး၊ ဒုတိယလူသည် ပထမ မဖြစ်နိုင်ဘူး’ ဟုဆို၍ ထွန်းအိန္ဒြာ၏အမူအရာကိုပြောင်းလဲပစ်ရန် ရန်တိုက်တွန်းခဲ့သည်။

ကျော်ဟိန်း ၏ စကားအတိုင်းပင်သူမသည် သရုပ်ဆောင်ပိုင်းရော ဖက်ရှင်ပိုင်း ပါ အခြား မင်းသမီး များနှင့် လုံးဝမတူအောင် စတင်ခွဲထွက်ခဲ့သည်။ ထိုခေတ် မင်းသမီး အများစုက ဆံပင်ရှည်ရှည်ထား၍မြန်မာဆန်ဆန်ဝတ်စားနေချိန် ထွန်းအိန္ဒြာဗိုက အနောက်တိုင်းဆန်ဆန် ဆံပင်ပုံစံများ ဖက်ရှင်များဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။ ခြား မင်းသမီး များကရိုးသားသိမ် မွေ့သောအသနားခံဇာတ်ရုပ်များ သရုပ်ဆောင်နေချိန် သူမက ဂျစ်ကန်ကန်နိုင်သော အထက်စီးဆန်သော ဇာတ်ရုပ်များရွေးချယ် သရုပ်ဆောင် ခဲ့သည်။

အထူးသဖြင့်စာရေးဆရာမလွန်းထားထား၏ ဇာတ်ရုပ် အမာများကို ဒွေး နှင့် ထွန်းအိန္ဒြာဗို တို့က အများဆုံးသရုပ်ဆောင်ကြသည်။ လွန်ထားထား၏ နာမည်ကျော် ဝတ္ထု ကို ပုံဖော်ရိုက်ကူးသည့်မာယာရထား ရုပ်ရှင်တွင် ထွန်းအိန္ဒြာဗို ၏ နက်နက်နွယ် အဖြစ် ဗီလိန် ဇာတ်ရုပ် ကို ပီပြင်အောင်သရုပ်ဆောင်ခဲ့မှု ကြောင့်ပရိသတ် အထူးလက်ခံအားပေးခဲ့ကြသည်။ ထွန်းအိန္ဒြာဗို သည် မြန်မာ့ရုပ်ရှင်နှင့်ဖက်ရှင်ရေစီးကြောင်းကိုတစ်ခေတ်ဆန်းစေခဲ့သည့် မင်းသမီးဟု မီဒီယာအများစုကသတ်မှတ်ကြသည်။ ၁၉၉၀ နှောင်းပိုင်းအရောက်တွင်ထွန်းအိန္ဒြာဗို၏ သီချင်းဗီစီဒီများ ၊ ရုပ်ရှင်ကားများ၌တွေ့ရလေ့ရှိသော အဆင်အပြင်များ ၊ ကိုယ်ပိုင်ဟန်ပန်အမူအရာများမှာ မြန်မာ့ အမျိုးသမီးထု ကို အတော်ပင်လွှမ်းမိုးနိုင်ခဲ့သည်။

၁၉၉၄ခုနှစ်တွင်သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မယ် ခိုင် ရုပ်ရှင်ကား ၌ မို့မို့မြင့်အောင်၏ ညီမ နိုင် ဇာတ်ကောင်နေရာကပါဝင်ခဲ့သည်။ ထိုနှစ်မှာပင် ကျော်သူ၊မို့မို့မြင့်အောင်နှင့်တွဲဖက်၍ ပန်းအိပ်မက် ရုပ်ရှင်ကား၌ ဒုတိယနေရာကသရုပ်ဆောင်ခဲ့ပြန်သည်။ ဇာတ်ကားနှစ်ကားလုံးတွင် သူမ၏ idol ဖြစ်သည့် မို့မို့မြင့်အောင်နှင့် တွဲဖက်ရိုက်ကူးရသည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း ၊ မို့မို့မြင့်အောင်လောက် မလှသလို အိုက်တင်ပိုင်း၌လည်း လိုအပ်ချက်များရှိသေးသည့်အတွက် ပရိသတ်များ ဖြည့်စွက်ကြည့်ပေးကြပါရန် ထွန်းအိန္ဒြာဗိုက ထိုခေတ်အင်တာဗျူးတစ်ခုတွင်ဖြေဆိုဖူးသည်။ဗီဒီယို ဇာတ် ကားများဖြင့်အောင်မြင်မှုရရှိပြီး ရုပ်ရှင် ဇာတ်ကား များစွာ၌ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ရာ ၁၉၉၉ခုနှစ်တွင် နှောင်းတမြေ့မြေ့ ရုပ်ရှင်ကားဖြင့် သူမဘဝ၏ ပထမဦးဆုံး အမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။

ပရိသတ်များ ၊ မီဒီယာ များက အိမ်ထောင်ရေး ဒရာမ ဇာတ်ကား ‘ရင်ထဲကဆောင်းရာသီ’ ဖြင့် အကယ်ဒမီ တစ်ကြိုပေးခဲ့သော်လည်း နှောင်းတမြေ့မြေ့ဖြင် မမျှော်လင့်ဘဲ အကယ်ဒမီ ရသွားသည့်အတွက် သရုပ်ဆောင် မကောင်းဘဲရသွားသလို ခံစားခဲ့မိသည်ဟု ထွန်းအိန္ဒြာဗို က၂၀၁၆ ခုနှစ် Lets Talk အစီအစဉ်တွင် ပြန်လည်ပြောပြခဲ့သည်။နှောင်းတမြေ့မြေ့ ဇာတ်ကားသည် ထွန်းအိန္ဒြာဗို ၏သရုပ်ဆောင် လမ်းကြောင်းတွင် မှတ်တိုင်တစ်ခုစိုက် ထူပေးခဲ့သလို ရင်ထဲကဆောင်းရာသီ ဇာတ်ကား သည်သူမအားအနုပညာ အရည်အသွေးပြည့်ဝသောထိပ်တန်း ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ခိုင်ခိုင်မာမာထူ ထောင်ပေးခဲ့သော ဇာတ်ကားဖြစ်သည်။

မင်းသမီး အဖြစ်အောင်မြင်မှုရရှိနေချိန် တစ်ဖက်တွင်လည်း အိပ်မက်ညများ ၊ ရည်းစားဦး စသည့် တေးစီးရီးများမှာ ပရိသတ်များအကြား ရေပန်းစားအောင်မြင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်1999 အမည်ရှိတေးအယ်ဘမ်ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံးတေးစီးရီးတစ်ခုဖြစ်ခဲ့သည်။

ထိုကာလတလျှောက် ထွန်းအိန္ဒြာဗို မှာ ရုပ်ရှင်ရော တေးဂီတဘက်၌ပါ ကြီးမားသော အောင်မြင်မှု ရရှိနေချိန်ဖြစ်သည်။ အောင်မြင်မှုအမြင့်ဆုံးအချိန်တွင် တေးသံရှင် မျိုးကျော့မြိုင်နှင့် ချစ်ကြိုးသွယ်ခဲ့ကြပြီး မကြာမီပင်နှစ်ဦးတူသဘောတူလမ်းခွဲခဲ့သည်။ထွန်းအိန္ဒြာဗိုနှင့်မျိုးကျော့မြိုင်တို့ လမ်းမခွဲ မီအချေအတင်း စကားများကြသည့် အသံဖိုင် မှာ ထိုခေတ်ကပြည်သူများအကြား အတော်ပင် ဂယက်ထသွားသေးသည်။

သို့သော်နောက်ပိုင်းတွင်လက်ရှိ ခင်ပွန်း ဖြစ်သူ ကိုအောင်မင်းထွန်းနှင့် လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာအိမ် ထောင်တစ်ခုကိုတည်ဆောက်နိုင်ခဲ့သည်။၂၀၀၀ ကာလအတွင်း မို့မို့မြင့်အောင် မှာ အနုပညာ လှုပ်ရှာမှုနည်းနေပြီး မေသန်းနု မှာ အမေ ဇာတ်ရုပ် များ၌ စတင်သရုပ်ဆောင်နေပြီးဖြစ်သော်လည်း ထွန်းအိန္ဒြာဗိုမှာ ခေါင်းဆောင် မင်းသမီး တစ်လက်အဖြစ် ထက်ထက်မိုးဦး ၊ နန္ဒာလှိုင်စသည့် နောင်တက်မင်းသမီးများနှင့်အပြိုင် ဇာတ်ကား များစွာ၌ သရုပ်ဆောင်နေဆဲဖြစ်သည်။

ထို့အပြင် ၂၀၀၀ ဆယ်စုနှစ်၏ အထင်ကရဇာတ်ကားများဖြစ်သော အမေ့နို့ဖိုး ၊ တစ်ခါကဧရာဝတီညများ မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍ စသည့် ဇာတ်ကား များ၌လည်းပါဝင် သရုပ်ဆောင် ထားသည်။ ထို့အပြင်၂၀၀၃ ခုနှစ်တွင် ဒိုင်ယာရီ တစ်ကိုယ်တော် Live Show ကျင်းပခဲ့ပြီးမြန်မာ့တေးဂီတ လောကတွင်စံချိန်သစ်တင်ရလောက်အောင် လက်မှတ်ရောင်းချမှုအများဆုံးနှင့် ဝင်ငွေအများ ဆုံးရရှိသော Concert တစ်ခုဖြစ်ခဲ့သည်။

အဆိုပါ Live Show ကို အခွေအဖြစ် ပြန်လည်ရောင်းချရာတွင်လည်းအချပ်ရေပေါင်းသန်းနှင့်ချီ၍ ရောင်းချရသည့်အပြင် ထိုနှစ်၏City FM ဆုပေးပွဲတွင်ရောင်းအားအကောင်းဆုံး တေးအယ်ဘမ်ဆုနှင့် ရေပန်းအစားဆုံးအမျိုးသမီးတေးသံရှင်ဆုရရှိခဲ့သည် ။၂၀၀၃ ခုနှစ်တွင် အမေ့နို့ဖိုးရုပ်ရှင်ကားဖြင့် ဒုတိယအကြိမ် အမျိုးသမီးဇတ်ဆောင်ဆုရရှိသည်။ ဆက်လက်၍ ၂၀၀၅ခုနှစ်တွင် မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ဇာတ်ကားဖြင့် တတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုရရှိသည်။မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ရုပ်ရှင်တွင် ပညာတတ် စိတ္တဇ ရောဂါဝေဒနာရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ဟန်မှာမြန်မာ့ရုပ်ရှင်၏ အကောင်းဆုံးသရုပ်ဆောင်ချက်များအနက် တစ်ခု အပါအဝင်ဖြစ်သလို အလွန်ခက် ခဲသော ဇာတ်ရုပ်တစ်ခုဟုလည်း ရုပ်ရှင်ပညာရှင်အများစ်ုကသတ်မှတ်ကြသည်။

၂၀၀၀ နှောင်းပိုင်းမှစ၍ ၂၀၁၀ ဆယ်စုနှစ်အတွင်းတွင်သဘာဝမင်းသမီးတလက် အဖြစ်ကူးပြောင်းခဲ့ပြီးကျောက်စက်ရေ၊ ကြိုးတန်း၊ နေဝင်အိပ်တန်း တက် အစရှိသည့် အောင်မြင်သော ဇာတ်ကားများစွာ၌ သရုပ်ဆောင်ခဲ့ပြီး မျိုးဆက်သစ်အနုပညာရှင်များ၏ လေးစားစံပြုရသော ဝါရင့်မင်းသမီးကြီးတစ်လက်အဖြစ်တည် ရှိနေဆဲဖြစ်သည်။

ထွန်းအိန္ဒြာဗိုသည် မြန်မာ့အနုပညာလောက၏ လွှမ်းမိုးမှုအရှိဆုံးနှင့် အထူးချွန်ဆုံးအမျိုးသမီးစူပါစတားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ သရုပ်ဆောင် ပိုင်း၌သာမက တေးဂီတလောက၌ပါ အောင်မြင်မှုခိုင်ခိုင်မာမာစိုက်ထူထားနိုင်သည့်အပြင်အများနှင့်မတူသောကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်များဖြင့် ထိုးဖောက်ဝင်ရောက်လာသူလည်းဖြစ်သည်။

သူမ၏ ရုပ်ရှင်ကားများ၌သာမက အပြင်လောက၌ပါ တွေ့ရလေ့ရှိသော ယုံကြည်မှုမြင့်မားသော ပညာတတ်မိန်းမတစ်ဦးအဖြစ် မှန်တယ် ထင်ရာကိုရဲဝံ့စွာလုပ်ကိုင်တတ်မှု ၊ professional ဆန်သောပြုမူပြောဆိုဆက်ဆံမှုများကြောင့် ပညာတတ်အမျိုး သမီးအများစု၏ idol တစ်ဦးလည်းဖြစ်သည်။

မျိုးဆက်သစ်အနုပညာရှင်များ၏ လေးစားအတုယူခြင်းခံရသော အနုပညာရှင်တစ်ဦးဖြစ်သလို သူမ၏ အပျို စင်ဘဝ၌သာမက အိမ်ထောင်သည်ဘဝ၊ မိခင်ဘဝတိုင်အောင်ရှည်လျားလှသော အောင်မြင်မှုများကြောင့် မြန်မာ့အနုပညာလောက၏ Evergreen ဟု သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။ထွန်းအိန္ဒြာဗို၏ အောင်မြင်မှုအမြင့်ဆုံးအချိန်၌မြန်မာ့ရုပ်ရှင်လောက၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးဖြစ်သလို ဇာတ်ဂျီးအများဆုံး မင်းသမီးများတွင်လည်းတစ်ဦးအပါအဝင်ဖြစ်သည်။

ထွန်းအိန္ဒြာဗို၏အား သာချက်မှာမတူညီသော ဇာတ်ရုပ်ပေါင်းများစွာကိုသဘာဝနှင့်အနီးစပ်ဆုံးပုံဖော်သရုပ်ဆောင်နိုင်သလို ထူးခြားသောဇာတ်ရုပ်များကိုလည်း စိန်ခေါ်သရုပ်ဆောင်လေ့ရှိသည်။ သူမ၏ ကြာရှည်သောအောင်မြင်မှုသက်တမ်း၊ပရိသတ်အပေါ်လွှမ်းမိုးမှု ၊ ထူးခြားသော အနုပညာအရည်အသွေးများကြောင့် ထွန်းအိန္ဒြာဗိုမှာလည်း မြန်မာ့ရုပ်ရှင်ရော ဂီတဘက်၌ပါ မှတ်တမ်းတင်အပ်သည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

ထွန်းအိန္ဒြာဗို၏ အနုပညာသက်တမ်းတစ်လျှောက်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ

၁၉၉၄- သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်( ကျော်သူ မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗို )

– ပန်းအိပ်မက်( ကျော်သူ မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗို )

၁၉၉၅- ကိုကိုကောလိပ်ဂျင်( ကျော်ရဲအောင် ထွန်းအိန္ဒြာဗို )

၁၉၉၆- သိပ်ချစ်တယ်ဒီက( စိုးသူ ရန်အောင် မေသဉ္ဇာဦး ထွန်းအိန္ဒြာဗို )

၁၉၉၇- ကြေမွသွားသော တိမ်တိုက်များအကြောင်း( ဒွေး ချို ပြုံး ထွန်းအိန္ဒြာဗို )

– သူတို့ခေတ်နှင့် သူတို့အရွယ်( ကျော်သူ ရန်အောင် ရဲအောင် ကျော်ရဲအောင် လွင်မိုးမို့မို့မြင့်အောင် မေသန်းနု စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗိုထက်ထက်မိုးဦး )

– ရင်ခွင်နန်းတော် ( ဒွေး ထွန်းအိန္ဒြာဗို နန္ဒာလှိုင် )

၁၉၉၈- မာယာရထား( လွင်မိုး ထွန်းအိန္ဒြာဗို နန္ဒာလှိုင် )

– ကျွန်တော် ကျွန်မတို့သည်(ထွန်းအိန္ဒြာဗို မျိုးသန္တာထွန်း ရီဝေယံ အိန္ဒြာကျော်ဇင်)

– ညမင်းသား( ရန်အောင် ထွန်းအိန္ဒြာဗို )

– မိန်းမနဲ့ငွေ( ရန်အောင် ထွန်းအိန္ဒြာဗို လူမင်း )

၁၉၉၉- ချစ်နှင်းဝေဝေ( စိုးသူ မေသန်းနု ထွန်းအိန္ဒြာဗို )

– ရင်ထဲကဆောင်းရာသီ( လွင်မိုး ထွန်းအိန္ဒြာဗို အိဖြူ စိုး )

– နှောင်းတမြေ့မြေ့( ရန်အောင် စိုးသူ ထွန်းအိန္ဒြာဗို )

– ငယ်သူငယ်ချင်းသုံးယောက်ရှိလေသည်( စိုးသူ ရဲအောင် ထွန်းအိန္ဒြာဗို တင့်တင့်ထွန်း )

၂၀၀၀

– မချစ်တတ်သောမိန်းမ အချစ်ငတ်သောယောကျာ်း( လွင်မိုး ထွန်းအိန္ဒြာဗို )

– ကြည်ပြာရောင် နဂ္ဂတစ်များ( လွင်မိုး ထွန်းအိန္ဒြာဗို )

– မောင့်မူပိုင်ရှင်( ဒွေး လွင်မိုး ထွန်းအိန္ဒြာဗို ထက်ထက်မိုးဦး )

၂၀၀၁- အချစ်ဖြတ်သန်းရာဒေသ( မင်းမော်ကွန်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ )

– အချစ်ကိုမွေးဖွားခြင်း( ရန်အောင် လူမင်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ )

– ပုံလာလာပြောတိုင်းယုံ( လွင်မိုး ထွန်းအိန္ဒြာဗို )

၂၀၀၂- သင်ချစ်လျှင် ကျွန်ုပ်မမုန်းပါ( လွင်မိုး ထွန်းအိန္ဒြာဗို )

– မပြောင်းလဲသော အကြောင်းတရားများ( လွင်မိုး နေအောင် ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် )

– စပျစ်ချို နှင့်ချယ်ရီဝိုင်( လူမင်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ )

– ဒဏ်ရာများနဲ့အချစ်( ရန်အောင် လူမင်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာကြည်လဲ့လဲ့ဦး )

– တစ်ဦးတည်းသောသား( လူမင်း ခင်သန်းနု ထွန်းအိန္ဒြာဗို )

၂၀၀၃

– ပိတောက်ပင်လယ်( ရာဇာနေဝင်း ထွန်းအိန္ဒြာဗို )

– သူမွဲထသစ္စာ( လူမင်း သီဟတင်စိုး ထွန်းအိန္ဒြာဗို မေသန်းနုအိန္ဒြာကျော်ဇင် )

– ပြိုင်ဘက်မရှိ( ဒွေး ထွန်းအိန္ဒြာဗို ကြည်လဲ့လဲ့ဦး )

– အချစ်နှင့်သူ၏ဂုဏ်သိက္ခာ( ရန်အောင် ဒွေး ထွန်းအိန္ဒြာဗို နန္ဒာလှိုင် )

– နှစ်ယောက်မရှိဘူး( လွင်မိုး ထွန်းအိန္ဒြာဗို )

– ညှို့သောပင်လယ် ဆွဲငင်သောလမင်း( ဒွေး ထွန်းအိန္ဒြာဗို )

၂၀၀၄

– အိပ်မက်နတ်သမီး( ဒွေး ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် )

– ပြုံးနေရင်သတိထား( ဒွေး ကျော်ရဲအောင် ထွန်းအိန္ဒြာဗို မြင့်မြင့်ခိုင်ခိုင်နှင်းဝေ )

– ယောက်ဖတော်ခါနီးရင် စဉ်းစားဖို့လိုတယ်( ရန်အောင် လွင်မိုး ရာဇာနေဝင်း ထွန်းအိန္ဒြာဗိုနန္ဒာလှိုင် )

– ဆုံစည်းစေ( ရာဇာနေဝင်း ဖြိုးငွေစိုး ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် )

– အမေ့နို့ဖိုး( မင်းမော်ကွန်း ကျော်သူ ထွန်းအိန္ဒြာဗို ချို ပြုံး )

၂၀၀၅

– တစ်ခါကဧရာဝတီညများ( လွင်မိုး ထွန်းအိန္ဒြာဗို မေသန်းနု )

– မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍( လွင်မိုး ထွန်းအိန္ဒြာဗို ခိုင်သင်းကြည် )

၂၀၀၆

– ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ( ရန်အောင် ထွန်းအိန္ဒြာဗို စိုင်းစိုင်းခမ်းလှိုင်သက်မွန်မြင့် )

– ဆဋ္ဌဂံ( လွင်မိုး ဝေဠုကျော် ထွန်းထွန်းဝင်း ထွန်းအိန္ဒြာဗိုစိုးမြတ်နန္ဒာ မျိုးသန္တာထွန်း ခင်ဇာခြည်ကျော် မြင့်မြင့်ခိုင်)

– ရတနာ

( ကျော်သူ ဖိုးသောကြာ ထွန်းအိန္ဒြာဗို မေသန်းနုပုလဲဝင်း )

၂၀၀၉

– ကြိုးတန်း(ကျော်ဟိန်း ကျော်ရဲအောင် စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို)

– အများနဲ့မသက်ဆိုင်သောသူ( ခန့်စည်သူ ထွန်းအိန္ဒြာဗို )

– ချစ်ကံပွင့်နဲ့မချောလေးဆယ်( ရန်အောင် ဟိန်းဝေယံ ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင်)

၂၀၁၀

– ကျောက်စက်ရေ( မြင့်မြတ် မေသန်းနု စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို )

– ဘာမီတွန် ( နေတိုး ရန်အောင် သက်မွန်မြင့် ထွန်းအိန္ဒြာဗို )

၂၀၁၁

– ဟတ်ထိတယ် ၂( ရန်အောင် ရဲအောင် သူထူးစံ မိုးအောင်ရင် မေသန်းနုထွန်းအိန္ဒြာဗို သင်ဇာဝင့်ကျော် မိုးယုစံ )

၂၀၁၂

– ဝဋ်ကြွေး( ခန့်စည်သူ သက်မွန်မြင့် ထွန်းအိန္ဒြာဗို )

၂၀၁၃

-ပြုံးပြုံးပျော်ပျော်ထော်လော်ကန့်လန့်( ဟိန်းဝေယံ ရဲအောင် မေသန်းနု ထွန်းအိန္ဒြာဗိုအေးမြတ်သူ )

– တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ( ဟိန်းဝေယံ နေအောင် နဝရတ် ထွန်းအိန္ဒြာဗို )

၂၀၁၄

့- အချစ်များနဲ့ဖန်ဆင်းမယ်( ဟိန်းဝေယံ ရန်အောင် ရဲအောင် စိုးပြည့်သဇင်မေသန်းနု ထွန်းအိန္ဒြာဗို )

– မော်ဒန်ရာဇဝင်( ပြေတီဦး ခန့်စည်သူ ဝတ်မှုန်ရွှေရည် ထွန်းအိန္ဒြာဗို )

၂၀၁၅

– ချစ်စံအိမ် ၂၀၂၈( လူမင်း ပြေတီဦး နေတိုး မင်းမော်ကွန်း မြင့်မြတ်ထွန်းထွန်း နေမင်း ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင်မိုးဟေကို ဝတ်မှုန်ရွှေရည် စိုးပြည့်သဇင် သင်ဇာဝင့်ကျော် ချစ်သုဝေ )

၂၀၁၆

– ရပ်ကွက်ဘုရင်မ ၂ ( မို့မို့မြင့်အောင် စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗိုခိုင်သင်းကြည် အေးမြတ်သူ )

၂၀၁၇

– သူငယ်( ကျော်ထက်အောင် စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗိုခိုင်သင်းကြည် )

– နေဝင်အိပ်တန်းတက်( ပြေတီဦး ပိုင်ဖြိုးသု ထွန်းအိန္ဒြာဗို )

– ရင်ဘတ်ထဲကဓား( ပြေတီဦး အိန္ဒြာကျော်ဇင် ထွန်းအိန္ဒြာဗို မေကဗျာ )

ထွန်းအိန္ဒြာဗို အနုပညာသက်တမ်းတလျှောက် ထွက်ရှိခဲ့သော တေးစီးရီးများ

SOLO ALBUMS

၁. မင်းအတွက်ပဲ

၂. နားလည်သင့်ပြီ

၃. အိပ်မက်ညများ

၎. ဆိုရင်…

၅. 1999

၆. ရည်းစားဦး

၇. နေရာလေးတစ်ခု

၈. နှစ်ယောက်မရှိဘူး

၉. ဆန္ဒရှိသောအဟောင်းများ

၁၀. တမ်းတနေဆဲ

၁၁. ဒိုင်ယာရီ

DUET ALBUMS

၁. ကန္တာရကဖီး ( +ရင်ဂို +အဲလက်စ် )

၂. ဆုံနိုင်ခွင့် ( +အဲလက်စ် )

၃. သုံးယောက်စကား ( +တင်ဇာမော် +မဒီ )

၎. မုန်းလို့မရတဲ့ချစ်သူ ( + ဒွေး )

၅. မျက်စိမှိတ်ပြီးချစ်လိုက်ပါ ( +တင်ဇာမော် )

၆. တကယ်မချစ်ဘဲနဲ့ ( + မျိုးကျော့မြိုင် )

COLLABORATIVE ALBUMS

၁. အပိုင်းအစ ၁.၅

၂. အဖြူ ရောင်တမ်းချင်းသို့

၃. မိတော့မမိဘူး ( L ခွန်းရီ Live Show )

၎. ဟန်းနီးမွန်းခရီး

၅ မင်းအတွက်

၆. Alphine သင်္ကြန်

၇. Lu Min Wedding

၈. Romanson Live Show

၉. City FM

ထွန်းအိန္ဒြာဗို၏ အနုပညာသက်တမ်းတစ်လျှောက် ရရှိခဲ့သော ထူးချွန်ဆုများ

၁. အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု – နှောင်းတမြေ့မြေ့ ( ၁၉၉၉ )

၂. အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု – အမေ့နို့ဖိုး ( ၂၀၀၃ )

၃. အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု – မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍ ( ၂၀၀၅ )

၎. City FM 2002 – ရေပန်းအစားဆုံးအမျိုးသမီးစတူဒီယိုတေးသံရှင်ဆု

၅. City FM 2003 – အရောင်းရဆုံးစတူဒီယိုတေးအယ်ဘမ်ဆု ( နှစ်ယောက်မရှိဘူး )

၆. City FM 2003 – ရေပန်းအစားဆုံး အမျိုးသမီးစ တူဒီယိုတေးသံရှင်ဆု

၇. City FM 2004 – အရောင်းရဆုံး စတူဒီယို တေးအယ်ဘမ်ဆု ( ဒိုင်ယာရီ )

၈. City FM 2004 – ရေပန်းအစားဆုံးအမျိုးသမီးစတူဒီယိုတေးသံရှင်ဆု

၉. City FM 2005 – ရေပန်းအစားဆုံးအမျိုးသမီးစတူဒီယိုတေးသံရှင်ဆု။

သရုပ်ဆောင် ပိုင်းမှာ အရမ်းပီပြင်လွန်းလှတဲ့ မင်းသမီး တယောက်ပါ။

မခိုင်ကြီးသရုပ်ဆောင်ချက်တွေကို ကြိုက်ကြရဲ့လား? သီချင်းတွေဟာလည်း ခုချိန်ထိ လူကြိုက်များရှင်သန်နေဆဲနော် ချစ်သေးရဲ့လား?

Share from Lwin Pyin

Related posts