Search

ခ်ိဳင္းေထာက္တစ္စံုနဲ႔ ေရႊတိဂံုဘုရားေပၚ ေရာက္လာခဲ့တဲ့ သရုပ္ေဆာင္ ဝင့္ယမံႈႏိုင္


သရုပ္ေဆာင္ ဝင့္ယမံႈႏိုင္တစ္ေယာက္ကေတာ့ ခ်ိဳင္းေထာက္တစ္စံုကို အမွီျပဳၿပီး လူစည္ကားရာ ေရႊတိဂံုဘုရားေပၚသို႔ ေရာက္လာခဲ့ပါတယ္။ ဒီလိုအေျခအေနနဲ႔ ဘုရားေပၚ ေရာက္လာခဲ့တဲ့ ဓာတ္ပံုတစ္ပံုကို သူမကိုယ္တိုင္ပဲ ၿပီးခဲ့တဲ့ အဂၤါေန႔က အင္စတာဂရမ္စာမ်က္ႏွာမွာ တင္ထားတာပဲ ျဖစ္ပါတယ္။

ခ်ိဳင္းေထာက္ေထာက္ရတာကေတာ့ သူမရဲ့ညာဘက္ေျခာေထာက္ ေျခမဝန္းက်င္မွာ ခဲြစိတ္မႈတစ္ခု လုပ္ခဲ့ရလို႔ပဲ ျဖစ္ပါတယ္။ ယခင္လတည္းက သူမရဲ့ဘယ္ဘက္ေျခေထက္တစ္ခုမွာလည္း အနာျဖစ္ခဲ့ပါတယ္။ ခုလည္း ၿပီးခဲ့တဲ့ ၄ ရက္ခန္႔က ညာဘက္ေျခေထာက္မွာမွာ ၁၂ ခ်က္ခန္႔ခ်ဳပ္ထားရတဲ့ အေျခအေနေတြ ျဖစ္ခဲ့တာပါ။

ဒါေၾကာင့္ ေျခေထာက္ႏွစ္ဖက္လံုးက ဒဏ္ရာေတြေတြေၾကာင့္ ဝိတိုရိယေဆးရံုႀကီးမွာ တက္ေနခဲ့ရပါတယ္။ ခ်ိဳင္းေထာက္ႏွစ္ဖက္လံုး ေထာက္ရတဲ့အေျခအေနျဖစ္ေနေပမယ့္လည္း အိမ္တြင္းပုန္းမေနတဲ့ ဝင့္ယမံႈႏိုင္ငံ ေရႊတိဂံုဘုရားေပၚထိ ေရာက္လာခဲ့ပါတယ္။ သူမက ပရိတ္သတ္ အားေပးမႈ ေနရာတစ္ခုရရွိထားၿပီး ၿပီးခဲ့တဲ့ လအတြင္းကပဲ ယခင္ ဝင့္ယမံႈလိႈင္ဆိုတဲ့ နာမည္ကေန ဝင့္ယမံႈႏိုင္လို႔ ေျပာင္းလိုက္တာလည္း ျဖစ္ပါတယ္။

 

သရုပ်ဆောင် ဝင့်ယမှုံနိုင်တစ်ယောက်ကတော့ ချိုင်းထောက်တစ်စုံကို အမှီပြုပြီး လူစည်ကားရာ ရွှေတိဂုံဘုရားပေါ်သို့ ရောက်လာခဲ့ပါတယ်။ ဒီလိုအခြေအနေနဲ့ ဘုရားပေါ် ရောက်လာခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို သူမကိုယ်တိုင်ပဲ ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်စတာဂရမ်စာမျက်နှာမှာ တင်ထားတာပဲ ဖြစ်ပါတယ်။

ချိုင်းထောက်ထောက်ရတာကတော့ သူမရဲ့ညာဘက်ခြောထောက် ခြေမဝန်းကျင်မှာ ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ယခင်လတည်းက သူမရဲ့ဘယ်ဘက်ခြေထေက်တစ်ခုမှာလည်း အနာဖြစ်ခဲ့ပါတယ်။ ခုလည်း ပြီးခဲ့တဲ့ ၄ ရက်ခန့်က ညာဘက်ခြေထောက်မှာမှာ ၁၂ ချက်ခန့်ချုပ်ထားရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပါ။

ဒါကြောင့် ခြေထောက်နှစ်ဖက်လုံးက ဒဏ်ရာတွေတွေကြောင့် ဝိတိုရိယဆေးရုံကြီးမှာ တက်နေခဲ့ရပါတယ်။ ချိုင်းထောက်နှစ်ဖက်လုံး ထောက်ရတဲ့အခြေအနေဖြစ်နေပေမယ့်လည်း အိမ်တွင်းပုန်းမနေတဲ့ ဝင့်ယမှုံနိုင်ငံ ရွှေတိဂုံဘုရားပေါ်ထိ ရောက်လာခဲ့ပါတယ်။ သူမက ပရိတ်သတ် အားပေးမှု နေရာတစ်ခုရရှိထားပြီး ပြီးခဲ့တဲ့ လအတွင်းကပဲ ယခင် ဝင့်ယမှုံလှိုင်ဆိုတဲ့ နာမည်ကနေ ဝင့်ယမှုံနိုင်လို့ ပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။

Related posts