Search

ယေန႔အႀကိဳက္ဆုံးပိုစ့္

ကိုယ္တိုင္ႀကံဳေတြ႔ျပီး ရုတ္တရတ္ အံ႔ၾသလို႔ တင္လိုက္တာပါ ရန္ကုန္မွာ ကြ်န္ေတာ္ေခတၱေနေနတဲ႔ ေနရာ

မနက္အေစာႀကီး လက္ဖက္ရည္ေသာက္မလို႔ တပည္႔ တေယာက္ လက္ဖက္ရည္ေဖ်ာ္ေပးေနတုန္း မ်က္ႏွာျပံဳး ျပံဳး အဘႀကီး တေယာက္ ကြ်န္ေတာ္႔ဆီ ဝင္လာျပီး ျမန္မာ႔အလင္း သတင္းစာတေစာင္ လာေပးတယ္။ သတင္းစာလဲ တခါမွမယူေတာ႔ အဘ သတင္းစာ လာေရာင္းတာလား ဆိုေတာ႔ မဟုတ္ဘူးတဲ႔ … ေပ်ာ္လြန္းလို႔ အလကား လိုက္ေဝေနတာတဲ႔ …

အသက္က အနည္းဆုံး ၅၀ ေက်ာ္ ၆၀ ေလာက္ရွိမယ္။ လူကလည္း နည္းနည္းမသန္တဲ႔ပုံ။ အဝတ္အစားကလည္း ခပ္ႏြမ္းႏြမ္း ဒီေန႔ထုတ္သတင္းစာ (လက္ထဲမွာ ႏွစ္ေစာင္ သုံးေစာင္ ေလာက္က်န္ဦးမယ္) လိုက္ေဝေနတာ သတင္းစာဖိုး အေနနဲ႔ တြက္ျပီး အံ႔ၾသသြားတာ။ေရာ႔ သားတဲ႔ … ဖတ္ၾကည္႔စမ္း အဘေပ်ာ္လြန္းလို႔တဲ႔

ျမန္မာညက ႏိုင္တာေလ လက္ေဝွ႔ေလ လက္ေဝွ႕ ဟိုေကာင္ႀကီး ကပၸလီကို ႏိုင္သြားတာေလ… ေတြ႔လား ဒီမွာ သတင္းစာမွာပါလာျပီး … မနက္ထဲက အဘဖတ္ျပီး ေပ်ာ္လြန္းလို႔ သူမ်ားေတြသိေအာင္ လိုက္ေျပာေနတာ … သတင္းစာလဲ အလကား လိုက္ေဝေပးေနတာ … ေရာ႔ ေရာ႔ အေဟး ေဟး …] တဲ႔

ကိုယ္လဲရုတ္တရတ္ေၾကာင္ျပီး ယူထားလိုက္မိေသးတယ္။ ေနာက္မွသတိရျပီး တပည္႔ေတြကို လွမ္းေမးလိုက္တယ္။ တပည္႔ ဒီအဘႀကီးက ဒီမွာလာေနၾကလား…

သတင္းစာ လာလာ ေပးဖူးလို႔လား ဆိုေတာ႔ … တခါမွ မေပးဖူးဘူး ဆရာတဲ႔ … သူတို႔လဲ သိေတာင္မသိဘူးတဲ႔။

အဲဒါမွ ကြ်န္ေတာ္လဲသတိဝင္ျပီး အဘေနာက္ကို ေျပးထြက္ျပီး အဘ ကို လွမ္းေခၚလိုက္တယ္။ အဘ ခဏလာပါဦး …

အဘ သတင္းစာလိုက္ေဝေနတာလာဆိုေတာ႔ … (အလကား ေပးလာတာ 15 ေစာင္ေလာက္ရွိျပီးတဲ႔ … သူနဲ႔စကားေျပာမွ စကားမပီသပဲ အနည္းငယ္ ေလျဖန္းသလို ျဖစ္ေနတာ သတိထားမိတယ္။ ျမန္မာက ကပၸလီ ေကာင္ႀကီးကို ႏိုင္သြားတာ ေပ်ာ္လြန္းလို႔တဲ႔ …

ဒါနဲ႔ ကြ်န္ေတာ္လည္း လက္ထဲေဆးလိပ္ဝယ္ခိုင္းဖို႔ ကိုင္လာတဲ႔ ၅၀၀ တန္ ႏွစ္ရြက္ေလးကို ” ေရာ႔ …အဘေရ လက္ဖက္ရည္ဖိုး ယူသြားေနာ္… အဘ လက္ဖက္ရည္ ေသာက္လို႔ ရတာေပါ႔လို႔ ေျပာေပးေတာ႔ မယူဘူးတဲ႔ … ေပ်ာလို႔ အလကားေပးတာတဲ႔ … ဖတ္ၾကည္႔ဦး သားေရ ဆိုျပီး သတင္းစာေနာက္ေက်ာ္ဘက္က ေအာင္လအန္ဆန္း ပုံကိုသာ ျပေနတာ … ဒါနဲ႔ ကြ်န္ေတာ္လည္း မဟုတ္ဘူး အဘ … ဒါ အဘကို သက္သက္ လက္ဖက္ရည္ဖိုး လွဴ တာဟုေျပာျပီး အတင္းေပးမွ ယူရွာတယ္။

ဒါနဲ႔ တေရြ႕ေရြ႕ထြက္သြားတဲ႔ အဘကို ၾကည္႔ေနလိုက္တာ ခပ္ေဝးေဝးေရာက္မွ လမ္းေဘးမွာ သတင္းစာ တထပ္တင္ထားတဲ႔ စက္ဘီးကို ယူျပီး နင္းထြက္သြားတာ ေတြ႔လိုက္ရတယ္ …

ေၾသာ္ … အဘက သတင္းစာပို႔သမားႀကီးကို … ေနပူထဲ ပင္ပင္ပန္းပန္း အသက္နဲ႔မမ်ွ စက္ဘီးနင္း သတင္းစာ လိုက္ပို႔တဲ႔ အဘကိုး … သတင္းစာ ေရာင္းျပီး ရမဲ႔ သူ႔ထမင္းအိုးဖိုး ေလးကိုေတာင္ မ်ိဳးခ်စ္စိတ္ တခုတည္းနဲ႔ ရက္ရက္ေရာေရာ အလကားလိုက္ေဝေပးတဲ႔ အဘကို ပိုေတာင္ ေလးစားမလိုက္တယ္။ ဒါနဲ႔ သူစက္ဘီးနင္းတဲ႔ အေဝးက ပုံေလးကို ဆြဲျပီး ထပ္ရိုက္လိုက္မိတယ္။

မ်ိဳးခ်စ္စိတ္ မ်ိဳးခ်စ္စိတ္ဆိုတာ

ဒီအဘရဲ႕ မ်ိဳးခ်စ္စိတ္က ေလးစားဖို႔ေကာင္းတယ္… သူ႔ပုံစံ ၾကည္႔ရတာ ေအာင္လအန္ဆန္း နာမည္ေတာင္ သိမဲ႔ပုံ မေပၚဘူး… ျမန္မာနဲ႔ ကပၸလီေကာင္ ထိုးတဲ႔ ပြဲလို႔ပဲ သိေလာက္ျပီး ျမန္မာႏိုင္သြားလို႔ အရမ္းဂုဏ္ယူ ေနတဲ႔ ပုံပါပဲ …

ရန္ကုနါကလူေတြေတာ႔ ဒီသတင္းစာ လိုက္ပို႔ေနတဲ႔ အဘကို သိခ်င္သိပါလိမ္႔မယ္ … ကြ်န္ေတာ္နဲ႔ ဆုံတာက ေရႊအင္ၾကင္းအိမ္ယာအလြန္ သုဝဏၰတံတားထိပ္မွာပါ …ဒီဘႀကီးက ဒီပတ္ဝန္းက်င္မွာ အျမဲတမ္း သတင္းစာ လိုက္ပို႔တဲ႔သူ ျဖစ္ဖို႔ မ်ားပါတယ္။

ေလးစားမိပါတယ္ မ်ိဳးခ်စ္စိတ္ႀကီးတဲ႔ အဘေရ …။

Posted-Zin Moe

ZN.H

ကိုယ်တိုင်ကြုံတွေ့ပြီး ရုတ်တရတ် အံ့သြလို့ တင်လိုက်တာပါ ရန်ကုန်မှာ ကျွန်တော်ခေတ္တနေနေတဲ့ နေရာ

မနက်အစောကြီး လက်ဖက်ရည်သောက်မလို့ တပည့် တယောက် လက်ဖက်ရည်ဖျော်ပေးနေတုန်း မျက်နှာပြံုး ပြံုး အဘကြီး တယောက် ကျွန်တော့်ဆီ ဝင်လာပြီး မြန်မာ့အလင်း သတင်းစာတစောင် လာပေးတယ်။ သတင်းစာလဲ တခါမှမယူတော့ အဘ သတင်းစာ လာရောင်းတာလား ဆိုတော့ မဟုတ်ဘူးတဲ့ … ပျော်လွန်းလို့ အလကား လိုက်ဝေနေတာတဲ့ …

အသက်က အနည်းဆုံး ၅၀ ကျော် ၆၀ လောက်ရှိမယ်။ လူကလည်း နည်းနည်းမသန်တဲ့ပုံ။ အဝတ်အစားကလည်း ခပ်နွမ်းနွမ်း ဒီနေ့ထုတ်သတင်းစာ (လက်ထဲမှာ နှစ်စောင် သုံးစောင် လောက်ကျန်ဦးမယ်) လိုက်ဝေနေတာ သတင်းစာဖိုး အနေနဲ့ တွက်ပြီး အံ့သြသွားတာ။ရော့ သားတဲ့ … ဖတ်ကြည့်စမ်း အဘပျော်လွန်းလို့တဲ့

မြန်မာညက နိုင်တာလေ လက်ဝှေ့လေ လက်ဝှေ့ ဟိုကောင်ကြီး ကပ္ပလီကို နိုင်သွားတာလေ… တွေ့လား ဒီမှာ သတင်းစာမှာပါလာပြီး … မနက်ထဲက အဘဖတ်ပြီး ပျော်လွန်းလို့ သူများတွေသိအောင် လိုက်ပြောနေတာ … သတင်းစာလဲ အလကား လိုက်ဝေပေးနေတာ … ရော့ ရော့ အဟေး ဟေး …] တဲ့

ကိုယ်လဲရုတ်တရတ်ကြောင်ပြီး ယူထားလိုက်မိသေးတယ်။ နောက်မှသတိရပြီး တပည့်တွေကို လှမ်းမေးလိုက်တယ်။ တပည့် ဒီအဘကြီးက ဒီမှာလာနေကြလား…

သတင်းစာ လာလာ ပေးဖူးလို့လား ဆိုတော့ … တခါမှ မပေးဖူးဘူး ဆရာတဲ့ … သူတို့လဲ သိတောင်မသိဘူးတဲ့။

အဲဒါမှ ကျွန်တော်လဲသတိဝင်ပြီး အဘနောက်ကို ပြေးထွက်ပြီး အဘ ကို လှမ်းခေါ်လိုက်တယ်။ အဘ ခဏလာပါဦး …

အဘ သတင်းစာလိုက်ဝေနေတာလာဆိုတော့ … (အလကား ပေးလာတာ 15 စောင်လောက်ရှိပြီးတဲ့ … သူနဲ့စကားပြောမှ စကားမပီသပဲ အနည်းငယ် လေဖြန်းသလို ဖြစ်နေတာ သတိထားမိတယ်။ မြန်မာက ကပ္ပလီ ကောင်ကြီးကို နိုင်သွားတာ ပျော်လွန်းလို့တဲ့ …

ဒါနဲ့ ကျွန်တော်လည်း လက်ထဲဆေးလိပ်ဝယ်ခိုင်းဖို့ ကိုင်လာတဲ့ ၅၀၀ တန် နှစ်ရွက်လေးကို ” ရော့ …အဘရေ လက်ဖက်ရည်ဖိုး ယူသွားနော်… အဘ လက်ဖက်ရည် သောက်လို့ ရတာပေါ့လို့ ပြောပေးတော့ မယူဘူးတဲ့ … ပျောလို့ အလကားပေးတာတဲ့ … ဖတ်ကြည့်ဦး သားရေ ဆိုပြီး သတင်းစာနောက်ကျော်ဘက်က အောင်လအန်ဆန်း ပုံကိုသာ ပြနေတာ … ဒါနဲ့ ကျွန်တော်လည်း မဟုတ်ဘူး အဘ … ဒါ အဘကို သက်သက် လက်ဖက်ရည်ဖိုး လှူ တာဟုပြောပြီး အတင်းပေးမှ ယူရှာတယ်။

ဒါနဲ့ တရွေ့ရွေ့ထွက်သွားတဲ့ အဘကို ကြည့်နေလိုက်တာ ခပ်ဝေးဝေးရောက်မှ လမ်းဘေးမှာ သတင်းစာ တထပ်တင်ထားတဲ့ စက်ဘီးကို ယူပြီး နင်းထွက်သွားတာ တွေ့လိုက်ရတယ် …

သြော် … အဘက သတင်းစာပို့သမားကြီးကို … နေပူထဲ ပင်ပင်ပန်းပန်း အသက်နဲ့မမျှ စက်ဘီးနင်း သတင်းစာ လိုက်ပို့တဲ့ အဘကိုး … သတင်းစာ ရောင်းပြီး ရမဲ့ သူ့ထမင်းအိုးဖိုး လေးကိုတောင် မျိုးချစ်စိတ် တခုတည်းနဲ့ ရက်ရက်ရောရော အလကားလိုက်ဝေပေးတဲ့ အဘကို ပိုတောင် လေးစားမလိုက်တယ်။ ဒါနဲ့ သူစက်ဘီးနင်းတဲ့ အဝေးက ပုံလေးကို ဆွဲပြီး ထပ်ရိုက်လိုက်မိတယ်။

မျိုးချစ်စိတ် မျိုးချစ်စိတ်ဆိုတာ

ဒီအဘရဲ့ မျိုးချစ်စိတ်က လေးစားဖို့ကောင်းတယ်… သူ့ပုံစံ ကြည့်ရတာ အောင်လအန်ဆန်း နာမည်တောင် သိမဲ့ပုံ မပေါ်ဘူး… မြန်မာနဲ့ ကပ္ပလီကောင် ထိုးတဲ့ ပွဲလို့ပဲ သိလောက်ပြီး မြန်မာနိုင်သွားလို့ အရမ်းဂုဏ်ယူ နေတဲ့ ပုံပါပဲ …

ရန်ကုနါကလူတွေတော့ ဒီသတင်းစာ လိုက်ပို့နေတဲ့ အဘကို သိချင်သိပါလိမ့်မယ် … ကျွန်တော်နဲ့ ဆုံတာက ရွှေအင်ကြင်းအိမ်ယာအလွန် သုဝဏ္ဏတံတားထိပ်မှာပါ …ဒီဘကြီးက ဒီပတ်ဝန်းကျင်မှာ အမြဲတမ်း သတင်းစာ လိုက်ပို့တဲ့သူ ဖြစ်ဖို့ များပါတယ်။

လေးစားမိပါတယ် မျိုးချစ်စိတ်ကြီးတဲ့ အဘရေ …။

Posted-Zin Moe

ZN.H

Related posts