Search

ရာသီေသြးအေရာင္က ေျပာျပေနတဲ့ မိန္းကေလး တို႕ရဲ႕ က်န္းမာေရး

ရာသီေသြးအေရာင္က ေျပာျပေနတဲ့ မိန္းကေလး တို႕ရဲ႕ က်န္းမာေရး

ထူးထူးဆန္းဆန္းေလးတစ္ခုေျပာျပမယ္။

ကုိယ့္လစဥ္ဓမၼတာျဖစ္တဲ့အခါ ဆင္းတဲ့ ေသြးအေရာင္ကို ၾကည့္ၿပီးေတာ့ ကုိယ့္က်န္းမာေရးအေၾကာင္း ဆန္းစစ္လို႕ရပါၿပီတဲ့ရွင္။ေသြးဆိုတာနဲ႕ အားလံုးက အနီေရာင္လို႕ ေျပးျမင္ၾကမွာပဲရယ္။ ဒါကေတာ့ အမ်ိဳးသမီးေတြပဲသိတယ္။ကဲ ေသြးအေရာင္ေလးေတြ ၾကည့္ၾကမယ္။

(၁)ပန္းနုေရာင္

အီစထရိုဂ်င္ေဟာ္မုန္း နည္းေနတာပါ။ အားကစားအျပင္းအထန္လုပ္ရင္ အီစထရိုဂ်င္ေဟာ္မုန္း နည္းတတ္ပါတယ္။ gym မွာ ကစားၿပီး ရာသီလာတဲ့အခါ ေသြးက ပန္းနုေရာင္ျဖစ္ေနမွာပါ။

(၂)ေရလို အရည္ၾကည္

ဒါက အာဟာရခ်ိဳ႕တဲ့လို႕ပါ။ ေသြးပါဆိုမွ အနီစပ္စပ္ေလးေတာင္မဆင္းဘဲ ေရက်ဲျဖစ္ေနရင္ ကုိယ္ဟာ အာဟာရမျပည့္စံုလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ရွားပါတယ္။

(၃)အညိဳရင့္ေရာင္

လန္႕မသြားပါနဲ႕။ ဒါက သားအိမ္နံရံက အက်ိအခြ်ဲေတြကြာက်ဖို႕ က်န္ခဲ့တဲ့အခါ ေပါင္းဆင္းလာတာမို႕လို႕ပါ။ ဒါဟာ က်န္းမာေရး ပံုမွန္ပါပဲဲ။ ရံဖန္ရံခါ အညိဳကေန အနက္ေရာင္ေတာင္ ျဖစ္နိုင္ပါတယ္။

(၄)စေတာ္ဘယ္ရီယိုလို အေရာင္နဲ႕ ေသြးအခဲေတြ

ေအာ့ေအာ့စီစီ Verte ရယ္။ ႏွိဳင္းတတ္တယ္လို႕။ စေတာ္ဘယ္ရီေတာင္ မစားခ်င္ေတာ့ဘူး။ :Pကြက္ကြက္ကြင္းကြင္းျမင္ေအာင္ ေျပာတာေနာ္။ စားလို႕ရတယ္သိလား (ယိုကိုေျပာပါတယ္) :Pအနီေရာင္ ပ်စ္ခြ်ဲခြ်ဲကိုမွ ေသြးအတံုးအခဲ ေသးေသးေလးေတြပါလာတာ ႀကံဳဖူးၾကမွာပါေနာ္။ ပန္းေရာင္တုန္းက အီစထရိုဂ်င္ ေဟာ္မုန္းနည္းေတာ့ အနီရဲရဲက အဲ့ေဟာ္မုန္းမ်ားသြားတာေပါ့ေနာ္။ အခဲေလးေတြကလည္း ေျပာရမယ္ဆိုလို႕ ရွိလို႕ရွိလို႕ရွိလို႕ရွိရင္ (ငင့္ နည္းနည္းမ်ားဝါးဖီ 😛 ) အခဲေသးေသးေလးေတြပါတာက ကိစၥမရွိဘူးေပါ့ေနာ္။ အခဲအႀကီးႀကီးေတြျဖစ္ရင္ေတာ့ ဒါတစ္ခုခုေတာ့ တစ္ခုခုပဲ။ အဲ့လိုအခဲႀကီးေတြဆိုရင္ ကုိယ့္မွာ ေဟာ္မုန္းဓာတ္မညီမွ်တာေတြ ျဖစ္လို႕ပါ။ အဲ့ဒါဆိုရင္ ဆရာဝန္ဆီသာေျပးေပေတာ့ပဲ။

(၅)အနီေတာက္ေတာက္ေလး

ဒါေလးက မီးမီးရဲရဲနီ။ :Pတကယ့္ေသြးေရာင္စစ္စစ္ အနီေရာင္ပါ။ က်န္းမာၿပီး ပံုမွန္ဆင္းတဲ့ ရာသီေသြးရဲ႕ အေရာင္လည္း ျဖစ္ပါတယ္။ မိန္းကေလးတိုင္းမွာလည္း ပံုမွန္ဆိုတာခ်င္းက မတူပါဘူး။ အမ်ားအားျဖင့္ ေသြးရည္ၾကည္ အနီေရာင္ဆိုရင္ ဒါ ေကာင္းပါတယ္။ အက်ိအခြ်ဲ အနည္းအက်ဥ္းလည္း ပါေကာင္းပါပါလိမ့္မယ္။ စိုးရိမ္စရာမရွိပါဘူး။

ကဲ ကုိယ့္ေသြးမွာေရာ ဘာေတြေတြ႕ၾကတုန္း။

Verte Mckenzie (For Her Myanmar)

ရာသီသွေးအရောင်က ပြောပြနေတဲ့ မိန်းကလေး တို့ရဲ့ ကျန်းမာရေး

ထူးထူးဆန်းဆန်းလေးတစ်ခုပြောပြမယ်။

ကိုယ့်လစဉ်ဓမ္မတာဖြစ်တဲ့အခါ ဆင်းတဲ့ သွေးအရောင်ကို ကြည့်ပြီးတော့ ကိုယ့်ကျန်းမာရေးအကြောင်း ဆန်းစစ်လို့ရပါပြီတဲ့ရှင်။သွေးဆိုတာနဲ့ အားလုံးက အနီရောင်လို့ ပြေးမြင်ကြမှာပဲရယ်။ ဒါကတော့ အမျိုးသမီးတွေပဲသိတယ်။ကဲ သွေးအရောင်လေးတွေ ကြည့်ကြမယ်။

(၁)ပန်းနုရောင်

အီစထရိုဂျင်ဟော်မုန်း နည်းနေတာပါ။ အားကစားအပြင်းအထန်လုပ်ရင် အီစထရိုဂျင်ဟော်မုန်း နည်းတတ်ပါတယ်။ gym မှာ ကစားပြီး ရာသီလာတဲ့အခါ သွေးက ပန်းနုရောင်ဖြစ်နေမှာပါ။

(၂)ရေလို အရည်ကြည်

ဒါက အာဟာရချို့တဲ့လို့ပါ။ သွေးပါဆိုမှ အနီစပ်စပ်လေးတောင်မဆင်းဘဲ ရေကျဲဖြစ်နေရင် ကိုယ်ဟာ အာဟာရမပြည့်စုံလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှားပါတယ်။

(၃)အညိုရင့်ရောင်

လန့်မသွားပါနဲ့။ ဒါက သားအိမ်နံရံက အကျိအချွဲတွေကွာကျဖို့ ကျန်ခဲ့တဲ့အခါ ပေါင်းဆင်းလာတာမို့လို့ပါ။ ဒါဟာ ကျန်းမာရေး ပုံမှန်ပါပဲဲ။ ရံဖန်ရံခါ အညိုကနေ အနက်ရောင်တောင် ဖြစ်နိုင်ပါတယ်။

(၄)စတော်ဘယ်ရီယိုလို အရောင်နဲ့ သွေးအခဲတွေ

အော့အော့စီစီ Verte ရယ်။ နှိုင်းတတ်တယ်လို့။ စတော်ဘယ်ရီတောင် မစားချင်တော့ဘူး။ :Pကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောတာနော်။ စားလို့ရတယ်သိလား (ယိုကိုပြောပါတယ်) :Pအနီရောင် ပျစ်ချွဲချွဲကိုမှ သွေးအတုံးအခဲ သေးသေးလေးတွေပါလာတာ ကြုံဖူးကြမှာပါနော်။ ပန်းရောင်တုန်းက အီစထရိုဂျင် ဟော်မုန်းနည်းတော့ အနီရဲရဲက အဲ့ဟော်မုန်းများသွားတာပေါ့နော်။ အခဲလေးတွေကလည်း ပြောရမယ်ဆိုလို့ ရှိလို့ရှိလို့ရှိလို့ရှိရင် (ငင့် နည်းနည်းများဝါးဖီ 😛 ) အခဲသေးသေးလေးတွေပါတာက ကိစ္စမရှိဘူးပေါ့နော်။ အခဲအကြီးကြီးတွေဖြစ်ရင်တော့ ဒါတစ်ခုခုတော့ တစ်ခုခုပဲ။ အဲ့လိုအခဲကြီးတွေဆိုရင် ကိုယ့်မှာ ဟော်မုန်းဓာတ်မညီမျှတာတွေ ဖြစ်လို့ပါ။ အဲ့ဒါဆိုရင် ဆရာဝန်ဆီသာပြေးပေတော့ပဲ။

(၅)အနီတောက်တောက်လေး

ဒါလေးက မီးမီးရဲရဲနီ။ :Pတကယ့်သွေးရောင်စစ်စစ် အနီရောင်ပါ။ ကျန်းမာပြီး ပုံမှန်ဆင်းတဲ့ ရာသီသွေးရဲ့ အရောင်လည်း ဖြစ်ပါတယ်။ မိန်းကလေးတိုင်းမှာလည်း ပုံမှန်ဆိုတာချင်းက မတူပါဘူး။ အများအားဖြင့် သွေးရည်ကြည် အနီရောင်ဆိုရင် ဒါ ကောင်းပါတယ်။ အကျိအချွဲ အနည်းအကျဉ်းလည်း ပါကောင်းပါပါလိမ့်မယ်။ စိုးရိမ်စရာမရှိပါဘူး။

ကဲ ကိုယ့်သွေးမှာရော ဘာတွေတွေ့ကြတုန်း။

Verte Mckenzie (For Her Myanmar)

Related posts